About us
About us
About Myanmar Robotics
Myanmar Robotics သည် August Myanmar Company Limited ၏ Educational Unit တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်များအတွက် အရည်အသွေးပြည့်ဝသော ပညာရပ်ဆိုင်ရာ Robotics Products များကို ဖြန့်ချိပေးသွားရန် ဖြစ်ပါသည်။
August Myanmar Companies သည် ၂၀၁၂ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Company တစ်ခုဖြစ်ပြီး၊ August Myanmar Media Group အနေဖြင့် နည်းပညာဆိုင်ရာ ဂျာနယ်များ၊ နိုင်ငံတကာ မဂ္ဂဇင်းများကို လိုင်စင်ဖြင့်ထုတ်ဝေဖြန့်ချိခြင်း၊ Mister and Miss University Myanmar 2014၊ Myanmar Gaming Festival 2015 ပွဲများကို စီစဉ်ကျင်းပခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် Myanmar Padauk Group of Companies ၏ မိသားစု အဖွဲ့ဝင်ဖြစ်ပြီး၊ ပညာရေးဆိုင်ရာ ပစ္စည်းများ တင်သွင်းဖြန့်ချိခြင်းနှင့် သင်ကြားလေ့ကျင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
Arduino Education Distributor
Myanmar Robotics သည် အီတလီနိုင်ငံမှ ထုတ်လုပ်သည့် Arduino Education ပစ္စည်းများကို မြန်မာနိုင်ငံတွင် ၂၀၁၉ခုနှစ်မှစတင်ကာ ဖြန့်ချိပေးရန် တရားဝင် အသိအမှတ်ပြုထားသည့် အဖွဲ့အစည်း ဖြစ်ပါသည်။
My Robot Time Distributor
My Robot Time Myanmar သည် ကိုရီးယားနိုင်ငံထုတ် Educational Robot Kits များကို အသုံးပြုပြီး STEM (Sciences, Technology, Engineering & Mathematics) ပညာရေးကို ၂၀၁၈ ခုနှစ်မှ စတင် ဖြန့်ဝေပေးနေသည့် သင်တန်းကျောင်းဖြစ်ပါသည်။ ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်းများစွာတွင် အသုံး ပြုသင်ကြားနေကြသည့် Robot Kits များ၊ သင်ရိုးညွှန်းတမ်းများကို အသုံးပြုပြီး ကလေးငယ်များကို အသက် ၃နှစ်မှ စတင်ကာ Robotics နှင့် Coding ဘာသာရပ်များကို လက်တွေ့သင်ကြား ပြသပေးလျှက်ရှိပါသည်။
STEM Robotics ပညာရေးသည် နိုင်ငံတကာရှိ ကျောင်းသားလူငယ်များ ငယ်ရွယ်စဉ် အချိန်ကာလ ကပင် လေ့လာသင်ယူနေသည့် ပညာရေးစနစ်အသစ်ဖြစ်ပြီး၊ Coding ဘာသာရပ်သည်လည်း ကလေးငယ်များအား အသက် ၃နှစ်မှ စတင်ကာ မိတ်ဆက် သင်ကြားပေးနေကြသည့် ၂၁ရာစု ကျွမ်းကျင်မှု ဘာသာရပ် အသစ်များ ဖြစ်ပါသည်။
MRT Myanmar သည် ကိုရီးယားနိုင်ငံမှ နည်းပညာကို အသုံးပြုထားသည့် My Robot Time Educational Robot Kits များကို မြန်မာနိုင်ငံတွင် တရားဝင် ဖြန့်ချိရန် တဦးတည်း ကိုစားလှယ်အဖြစ် ရရှိထားသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ထို့အပြင် နှစ်စဉ်ကျင်းပလ ျှက်ရှိသည့် International Youth Robot Competition (IYRC) ပြိုင်ပွဲသို့ နို်င်ငံအဆင့် ကျောင်းသားကျောင်းသူ ပြိုင်ပွဲဝင်များ စေလွှတ် ယှဉ်ပြိုင်ခွင့်နှင့် မြန်မာနိုင်ငံတွင် ပြည်တွင်းအဆင့် Robot Competition ကျင်းပခွင့်ရရှိသော International Youth Robot Association (IYRA) အသိအမှတ်ပြု အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါသည်။
MRT Myanmar သည် ကလေးငယ်များ၏ သက်ဆိုင်ရာ အသက်အရွယ်နှင့် ကိုက်ညီစွာ ဖန်တီးထုတ်လုပ် ထားသည့် ပညာရေး အထောက်အကူပြု Robot Kits များကို အသုံးပြု သင်ကြားပေးခြင်း ဖြစ်ပြီး၊ နိုင်ငံတကာတွင် အသုံးပြုနေသည့် သင်ရိုးညွှန်းတမ်းများဖြင့် ပေါင်းစပ် သင်ကြားပေးခြင်း ဖြစ်သည့်အတွက် ကလေးငယ်များအတွက် ပိုမိုထိရောက် အကျိုးဖြစ်ထွန်းစေနိုင်ပါသည်။
MRT Myanmar သည် ၂၁ရာစု ပညာရေးကို အထူးစိတ်ပါဝင်စားသည့် အင်္ဂျင်နီယာများ၊ ကွန်ပျူတာဘွဲ့ရ ဆရာဆရာမများဖြင့် ဖွဲ့စည်းထားသည့် သင်တန်းကျောင်းတစ်ခု ဖြစ်သည့် အပြင်၊ STEM Education အား လေ့လာသိရှိလိိုသည့် ကျောင်းများ၊ သင်တန်းခန်းမများကို နယ်မြေဒေသ ကန့်သတ်ချက်မရှိဘဲ အခမဲ့ သွားရောက်မျှဝေ မိတ်ဆက်ပေးလျှက် ရှိပါသည်။
MRT Myanmar သည် ရန်ကုန်နှင့် မန္တလေး မြို့များတွင် Robotics သင်တန်းကျောင်းများ ဖွင့်လှစ်ထားပြီး STEM Education အား ဖြန့်ဝေနေသကဲ့သို့ တက္ကသိုလ်များ၊ အစိုးရကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ပညာရေးသင်တန်းကျောင်းများ၊ နိုင်ငံတကာကျောင်းများနှင့် ချိတ်ဆက်ကာ STEM Education အား မြန်မာနိုင်ငံအဝှမ်းတွင် ကျယ်ပြန့်စွာ ဖြန့်ဝေနိုင်အောင် ကြိုးပမ်း ဆောင်ရွက်လျှက်ရှိပါသည်။
အနာဂတ်တွင် ကြီးပြင်းရှင်သန်ကြရမည့် သားငယ်သမီးငယ်များအတွက်၂၁ရာစု ကျွမ်းကျင်မှုများကို ထိရောက်စွာ သင်ယူနိုင်ရန် MRT Myanmar မှ အထူးကြိုးစား သင်ကြားပြသပေးလျက်ရှိပါသည်။ STEM Robotics Education အား စမ်းသပ်လေ့လာလိုပါကလည်း ရန်ကုန်နှင့် မန္တလေးမြို့များရှိ သင်တန်း ခန်းမများတွင် မိဘများရော၊ ကလေးငယ်များပါ အခမဲ့ လာရောက် လေ့လာနိုင်သကဲ့သို့၊ သိရှိလိုုသည်များ ကိုလည်း လာရောက် မေးမြန်းဆွေးနွေးနိုင်ပါသည်။
Smart Robot Albert
Myanmar Robotics သည် ကိုရီးယားနိုင်ငံ SK Telecom ၏ AI Department မှ ထုတ်လုပ်သည့် Smart Robot Albert အား မြန်မာနိုင်ငံတွင် ဖြန့်ချိခွင့် ရရှိထားပြီး၊ Smart Robot Coding School များကို ဖွင့်လှစ်လျက် အသက် ၄နှစ်အရွယ် ကလေးငယ်များကို Robotics နှင့် Coding ဘာသာရပ်များကို သင်ကြားပေးလျက်ရှိပါသည်။
The Objective
-
#1: Science, Technology, Engineering, Art နှင့် Mathematics (STEAM) Education အား မြန်မာနိုင်ငံရှိ ကျောင်းသားကျောင်းသူများ ကျယ်ပြန့်ထိရောက်စွာ လေ့လာသင်ကြားခွင့်ရရန်
-
#2: နိုင်ငံတကာတွင် အသုံးပြုနေသည့် ခေတ်မှီ သင်ကြားမှုနည်းစနစ်များဖြင့် သင်ရိုးညွှန်းတမ်းအား မြန်မာနိုင်ငံ၏ လက်ရှိသင်ရိုးများဖြင့် ပေါင်းစပ်ညှိနှိုင်း သင်ကြားနိုင်စေရန်
-
#3: ၂၁ရာစု ကျွမ်းကျင်မှုများ ဖြစ်သည့် (4Cs) အား သင်ထောက်ကူပစ္စည်းများဖြင့် ထိရောက်စွာ သင်ကြားပေးနိုင်ရန်
-
#4: မြန်မာ ကျောင်းသားကျောင်းသူများ၏ အရည်အသွေးကို နိုင်ငံတကာအဆင့် ပြိုင်ပွဲများတွင် ဖော်ထုတ်ပြသနိုင်ရန်
Our Team
Myanmar Robotics and Coding School သည် သွက်လပ်တက်ကြွ၍ လေ့လာသင်ယူစိတ်ရှိကာ ပြန်လည်မျှဝေ သင်ကြားပေးလိုသည့် Engineer ကျောင်းဆင်း Computer Unitersity ကျောင်းဆင်း ပါရဂူဘွဲ့ရ၊ မဟာဘွဲ့ရ၊ ဆရာဆရာမများမှ ဦးစီးပြီး၊ Engineer များ၊ Computer Scientists များ၊ Technicians ဆရာဆရာမများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ပညာရပ်ဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ ထိရောက်၍ စစ်မှန်သော ပညာရေးတစ်ခုပေးစွမ်းနိုင်ရန် MRCS ၏ သင်ကြားရေးအဖွဲ့မှ အမြဲတစေ လေ့လာတီထွင် မွမ်းမံပြင်ဆင် လျက်ရှိပါသည်။
Head Office
Ye Myanmar Aung
Ph.D Candidate in OD, M.B.A, B.E (Information Technology)
Founder & Managing Director
Email: yemyanmar(a)myanmarrobotics.com
Phone: (+959)5419991
May Thu Tin
Ph.D Candidate in OD, M.B.F, M.B.A, B.A (Eco.), B.Sc (CIS)
Co-Founder & Finance Director
Kyaw Htet Aung
M.C.Sc, B.Sc.Engg (Information Technology)
Co-Founder & Academic Director
Email: kyawhtetaung(a)myanmarrobotics.com
Phone: (+959)5501086
Thae Nu Sandi
M.M.M Candidate, B.E (Information Technology)
Admin & Marketing Director
Email: thaenusandi(a)myanmarrobotics.com
Phone: (+959)798056568
Dr. Kyaw Zar Zar Phyu
Ph.D (Information Technology), M.C.Sc, B.C.Sc
External Professor
Email: kyawzarzarphyu(a)gmail.com
Ei Ei Moe
M.C.Sc Candidate, B.C.Sc
Master Robotics Educator
Pwint Phu Khine
M.E (Mechatronics)
Master Robotics Educator
Thet Aung San
B.E (Mechatronics)
Robotics Educator
Ei Ei Phyu
B.E (Mechatronics)
Robotics Educator
Myo Myint Naing
BTEC Level 5 HND
Arduino Educator
Wutt Yee Cho
B.E (Electronic Engineering)
Arduino Educator
Arkar
Arduino Educator
Mandalay Division
Sai Aung Thein Htut
B.E (Information Technology)
Co-Founder & Director of Mandalay Division
Email: yangjincan(a)gmaillcom
Phone: (+959)450067979
Thein Htike Aung
B.C.Sc
Senior Robotics Educator
11 March 2021
Viewed 3523 times